အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာကြသူတွေထဲမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့် အမျိုးသမီးအရာရှိတဦး ပါဝင်လာခဲ့တယ်လို့ ပြည်သူ့စစ်သား များအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သူကတော့ ဗိုလ်ကြီးမေပိုးဖြစ်ပြီး အာဏာစသိမ်းတဲ့အချိန်ကစပြီး စစ်ကောင်စီရဲ့ တရားမျှ တမှုမရှိတဲ့လုပ်ရပ်တွေ ပြည်သူတွေကိုအကြောင်းမဲ့သတ်ဖြတ်နေတာတွေကို ဘယ်လိုမှ လက်ခံလို့မရတဲ့အတွက် တော်လှန်ရေးမှာပူးပေါင်းပါဝင်ဖို့ ပြည်သူ့ဘက် ရပ်တည်လာခဲ့ တာလို့ ဆိုပါတယ်။
“တပ်မတော်က ပြည်သူတွေကိုတင်မကဘူး တပ်မတော်သားအချင်းချင်းလည်း ဖိနှိပ်မှုမျိုး စုံရှိတဲ့အတွက်ကြောင့် တပ်တွင်းမှာလည်း စစ်ကောင်စီကိုစွန့်ခွာချင်သူတွေ များပြားလာ ပါပြီ။ ကျမကိုယ်တိုင်လည်း နောင်လာမယ့်နေ့ရက်တွေမှာ သိက္ခာရှိစွာနေထိုင်သွားချင်လို့ ပြည်သူဘက်မျက်နှာမူခဲ့တာပါ။ ကျမတို့ရဲ့ နောင်လာမယ့်အနာဂတ်တွေမှာလည်း စစ်သား ဆိုတာနဲ့ ပြည်သူတွေကမုန်းတီးနေတာမျိုးမဖြစ်ရအောင် ဒီလိုပြသနာတွေကိုဖန်တီးတဲ့ အာဏာရှင်တွေအမြစ်ပြတ်အောင်လို့ တပ်မတော်သားအားလုံးပူးပေါင်းပါဝင်ဖို့လိုအပ်ပါ တယ်”လို့ ဗိုလ်ကြီးမေပိုးက ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ကတော့ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်မတော် သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စပ်လျဉ်းတဲ့ မူဝါဒ ၅ ချက်ကို လက်မှတ်ရေးထိုးပြီး ထုတ် ပြန်ထားပြီး ဒီမူဝါဒတွေနဲ့အညီ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည် ဖော်နိုင်ဖို့အတွက် ပြည်သူ့တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ကြိုဆိုလက်ခံရေးနဲ့ တပ်တွေ ပေါင်းစည်းရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ပါဝင်တဲ့ အထူး ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။
ဒါ့အပြင် ခုခံတွန်းလှန်စစ်စတင်ပြီလို့ ကြေညာပြီးခဲ့တဲ့နောက်ပိုင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီ ပြည်သူ့ရင်ခွင်ခိုလှုံဖို့စာရင်းပေးလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။