ရေး-မော်လမြိုင် လမ်းမကြီးမှာ နိုဝင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲလောက်က ရာဘာသစ်တင်တဲ့ ကုန်ကား နဲ့ Light truck ကား တိုက်မိတာကြောင့် ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယာဉ်ပေါ်ပါလာသူတွေဟာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသခံ ဖြစ်ကြပြီး ရန်ကုန်မှာ ကထိန်ခင်းပြီး အပြန်လမ်းမှာ အခုလို ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ယာဉ်တိုက်မှုမှာ Light truck ကားပေါ်က ဒဏ်ရာရသူ ၆ ဦးအား ရေးမြို့ ပြည်သူ့ ဆေးရုံမှာ အရေး ပေါ် ကုသပေးနေပြီး သေဆုံး သူ ၇ ဦးကိုတော့ ရင်ခွဲရုံမှာ ထားရှိတယ်လို့ ဆိုပါတယ်။
အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့တာဖြစ်ပြီး ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ ယာဉ်မောင်းတွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။