ရန်ကုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၅ ရပ်ကွက်မှာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက် ၇ နာရီလောက်က အဝေးထိန်းဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်က ဒီဗွီဘီကို ပြောပါတယ်။
လှိုင်သာယာအရပ်ဘက် ပြောက်ကျားတပ်လက်အောက်ခံ အရပ်ဘက်ပြောက်ကျးတပ်ခွဲ ၅ က တောင်ဒဂုံ ၅၅ ရပ်ကွက် အထက ၅ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရေချိုးနေချိန်မှာ အဝေးထိန်းဗုံး ၂ လုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရုပ်သံဖိုင်ဗီဒီယိုကို ဒီဗွီဘီသတင်းဌာနက ရရှိထားပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိမရှိကို ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။
လှိုင်သာယာအရပ်ဘက် ပြောက်ကျားတပ်ဖွဲ့ကတော့ သူတို့အဖွဲ့အနေနဲ့ စစ်အာဏာရှင်ကို ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ရန်ကုန်မြို့နယ်တွေမှာ တော်လှန်ရး အရှိန်မြှင့်တင်သွားမယ်လို့ ပြောထားပါတယ်။
NB CGF HTY