Home
မြန်မာသတင်း
ပုသိမ်မြို့နှင့် မအူပင်မြို့တွင် ပညာပါရမီပရဟိတစာသင်ကျောင်းအပါအဝင် ၁၀ နေရာကို စစ်ကောင်စီ ချိပ်ပိတ်
DVB
·
November 11, 2021
255932010_1220826928401648_1130158052402994731_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နဲ့ မအူပင်မြို့တွေမှာ နိုဝင်ဘာ ၁၀ ရက်နေ့က ပညာပါရမီပရဟိတစာသင်ကျောင်းအပါဝင် နေရာ ၁၀ နေရာကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ဆေးခန်း၊ လက်ဖက်ရည်ဆိုင်နဲ့ စာသင်ကျောင်းတွေကို လိုက်လံချိပ်ပိတ်ခဲ့တာဖြစ်ပြီး အဲ့အထဲမှာ ကိုဗစ်ကြောင့် သေဆုံးခဲ့တဲ့ ဒေါက်တာ စစ်တင်ရဲ့ ဆေးခန်းလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ဒေါက်တာ စစ်တင်က ဆုံးတာကြာပါပြီး ကိုဗစ်နဲ့ အဲ့တာကိုတောင် ချိပ်ပိတ်သွားတယ် ကျန်တဲ့သူတွေကလည်း ဒီစစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြတဲ့နေရာတွေမှာ ပါဝင်ခဲ့ကြတာမှန်တယ် ဒါပေမဲ့ အားလုံး လွတ်မြောက်တဲ့ဒေသရောက်နေပြီ ကျန်တဲ့ မိသားစုဝင်တွေက မဆိုင်ဘဲ အိမ်ကဆင်းပေးရမယ့်ပုံစံဖြစ်နေတော့ ဒါတော်တော် တရားလွန်ပါတယ်”လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။ 

ဒါ့ပြင် စစ်ကောင်စီက မအူပင်မြို့မှာရှိတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ နေအိမ် ၃ လုံးကိုလည်း PDF တွေနဲ့ ပတ်သက်မှုရှိတယ်လို့  စွပ်စွဲချိပ်ပိတ်ခဲ့သလို  မိသားစုဝင်တွေကိုလည်း  ဖမ်းဆီးထား တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ နိုဝင်ဘာလဆန်းပိုင်းက စတင်ကာ တိုင်းအတွင်းက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက လိုက်လံချိပ်ပိတ်နေတာ အလုံး ၅၀ နီးပါးရှိလာပြီး အဲ့အထဲမှာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဟောင်း ဦးမန်းဂျော်နီရဲ့ နေအိမ်လည်း ပါဝင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024