နိုင်ငံတကာတရားရုံး ICJ ဆီ မြန်မာစစ်တပ်ကို စွဲချက်တင်ရာမှာ လိုအပ်တဲ့ အ ထောက်အထားတွေအနေနဲ့ တင်သွင်းဖို့ အကြမ်းဖက်စစ်တပ်က အသုံးပြုနေတဲ့ လက်နက်ခဲယမ်း အမျိုးအစားတွေ စာရင်းတွေကို “ဝေးဝေးနေ”က စုဆောင်းနေပါတယ်။
ဆက်သွယ်ပေးပို့လိုသူတွေအနေနဲ့ အီးမေးလ်လိပ်စာ waywaynaypr@gmail.com ကတဆင့်၊ ဒါမှမဟုတ် အင်တာနက်လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာကတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။
ဝေးဝေးနေ အက်ပလီကေးရှင်းကိုတော့ လူထုအာဏာကို မတရားသိမ်းယူခဲ့တဲ့ အကြမ်း ဖက်စစ်တပ်ကို သပိတ်မှောက်ဖို့အတွက် စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး ဒီအက်ပ်ထဲမှာ စစ်တပ် ပိုင်၊ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ဘဏ်တွေ၊ အာမခံလုပ်ငန်း၊ စီးကရက်၊ ဆက်သွယ်ရေး လုပ်ငန်း၊ ဆေးရုံ၊ သုတ်ဆေး၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ ဟိုတယ်၊ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်း စတာတွေ ပါဝင်ပါတယ်။
WayWayNay အပလီကေးရှင်းကို အန်းဒရွိုက်ရော အိုင်ဖုန်းတွေအတွက်ပါ ရေးဆွဲထားပြီး အန်းဒရွိုက်ဖုန်းတွေအတွက် https://bit.ly/3aUMnh7 မှာ ရယူနိုင်ပြီး အိုင်ဖုန်းတွေအ တွက်ကတော့ http://apple.co/3dYNHBw ကနေ ရယူနိုင်ပါတယ်။
ဒါ့အပြင် https://waywaynay.com မှာလည်း ဝင်ရောက်ကြည့်ရှုရယူနိုင်ပါတယ်။