မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြားရှိ မဟာနွယ်စဉ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၁၀ ရက် ဒီနေ့ ညနေ ၅ နာရီဝန်းကျင်က လက်လုပ်ဗုံးတစ်လုံးပစ်ခတ်ခံရလို့ လုံခြုံရေး တပ်သားတယောက် ဒဏ်ရာရခဲ့ပါတယ်။
ရပ်ကွက်နေပြည်သူတစ်ဦးက “မနေ့က အဲ့ဒီရုံးမှာ စစ်သားတွေရော ကားတွေရော အများကြီးလာတယ်။ အခု ညနေပိုင်းမှာ ဗုံးနဲ့ ပစ်ခံရတယ်။ သေနတ်သံတွေလည်း ကြားလိုက်ရတယ်။ လုံခြုံရေးတပ်သားတစ်ဦး ခြေထောက်ဒဏ်ရာရတာရှိတယ်။”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်နောက် လုံခြုံရေးတပ်သားတွေက အနီးနားပတ်ဝန်းကျင်ကို သေနတ်နဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။
ဒီနောက် စစ်ကောင်စီတပ်သားတွေထပ်ရောက်လာပြီး အနီးပတ်ဝန်းကျင် စစ်ဆေးတာတွေ လုပ်သွားကာ ၇၂ လမ်း နဲ့ ၃၃ လမ်းဘက်မှာလည်း ဆိုင်ကယ်တွေ ရပ်တန့်ရှာဖွေစစ်ဆေးနေပါတယ်။