စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မဲနောကျေးရွာအနီးက ပြန်လည်ပြင်ဆင်ထားတဲ့ မိုင်တဲလ် တာဝါတိုင် ဆက်စပ်ပစ္စည်းတွေကို နိုဝင်ဘာလ ၁၀ ရက် ညနေ ၄ နာရီလောက်မှာ သပြေညို ပြောက်ကျားတပ်ဖွဲ့က ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
“ဒီတိုင်က စက်တင်ဘာလထဲတုန်းက မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဖျက်ဆီးပြီးသားဗျ။ ပြန်ပြင်ထားလို့ ထပ်ပြီးဖောက်ခွဲတာ၊ ဒီတခါတော့ အမြစ်ပြတ်ပဲ” လို့ သပြေညိုပြောက်ကျားအဖွဲ့က ပြောပါတယ်။
သပြေညိုပြောက်ကျားအဖွဲ့အနေနဲ့ မိုင်တဲလ်တာဝါတိုင် ၅ တိုင်ဖျက်ဆီးထားပြီး မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့လည်း ဖောက်ခွဲဖျက်ဆီးတာတွေ ပြုလုပ်ခဲ့သလို အရာတော်-မုံရွာကားလမ်းမပေါ်က စစ်ကောင်စီယာဉ်တန်းတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရုပ်သံ - သပြေညို ပြောက်ကျားတပ်ဖွဲ့