စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက် မြို့အဝင်မုခ်ဦးအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း တစ်ခု နိုဝင်ဘာ ၉ ရက်နေ့ ည ၈ နာရီက မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ အချက် ၄၀ ကျော် ပြန်လည် ပစ်ခတ်ခဲ့ပြီး လတ်တလော သေဆုံးမှုစာရင်းကို မသိရှိရသေးပေမဲ့ ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒီမိုကရက်တစ်ပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
မုံရွာတောင်စက်မှု၊ ကြာဇံဇုန်၊ ရွာထောင် နွားခြံကုန်းဘက်မှာလည်း နိုဝင်ဘာ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက် ဗုံး ၄ လုံး ပေါက်ကွဲခဲ့ပါတယ်။