စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ နိုဝင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်နှစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“စည်းရုံးရေးမဆင်းလို့ ဖမ်းတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ စကားအလှသုံးတာပါ။ တကယ်တော့ စစ်ကောင်စီ ခိုင်းတာမလုပ်လို့ အဖမ်းခံရတဲ့ သဘောပါ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးဟာ ရွှေဘိုမြို့၊ အမှတ် ၁၀ သူဇာရပ်မှာနေတဲ့ ဦးချစ်သန်းနဲ့ ရွှေဘိုစက်မှုဇုန်မှာ အကြော်ရောင်းသူ ဦးလေးတို့ကို စည်းရုံးရေးမဆင်းလို့ဆိုကာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတစ်ဦးဖြစ်တဲ့ ဦးချစ်သန်းနဲ့အတူ ရွှေဘိုကထိန်အတွက် အလှူခံထားတဲ့ အလှူငွေ သိန်း ၃၀ လည်း ပါသွားတယ်လို့ သိရပါတယ်။