Home
မြန်မာသတင်း
သီပေါတွင် တိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်နေရ
DVB
·
November 9, 2021
252958906_201400908807507_9023322836279078670_n
251169882_201401028807495_5142702259429980891_n
249792079_201400982140833_1321829694306713398_n
255285018_201402752140656_112111987561525089_n
255208869_201402832140648_1745517977371809453_n
255207700_201402672140664_4086428937899333209_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မိုးတေကျေးအုပ်စုအတွင်းမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ပူးပေါင်းအဖွဲ့တို့ နိုဝင်ဘာ ၇ ရက်နေ့က စတင် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရပါတယ်။

မြို့ခံတစ်ဦးက "သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်အစပ်က မိုးတေကျေးရွာ အုပ်စုဘက်မှာ တိုင်းရင်းသားတပ်နှစ်တပ် တိုက်ပွဲဖြစ်နေလို့ ဒေသခံတွေ သီပေါမြို့ပေါ်ဘုန်း ကြီးကျောင်းတွေမှာ လာခိုလှုံနေရတယ်" လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ချောင်းဆုံ၊ စွမ်လုံ၊ မန်မိုင်၊ ကွန်စံလိတ်၊ ပန်နေနဲ့ မိုးတေ စတဲ့ရွာပေါင်း ၇ ရွာက တိမ်းရှောင်လာသူဦးရေ ၄၃၀ ကျော်ဟာ အခုလက်ရှိ သီပေါ်မြို့ပေါ်က ဘိုးတော်ကျောင်းတိုက်မှာ ယာယီခိုလှုံနေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက RCSS နဲ့ SSPP, TNLA ပူးပေါင်းအဖွဲ့တို့ ကျောက်မဲမြို့နယ် အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ မတ်လပိုင်းက စတင်ခဲ့တဲ့ တိုင်းရင်းသားတပ်ဖွဲ့ အချင်းချင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပိုမိုကျယ်ပြန့်လာနေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေရပ်တန့်ဖို့ ရှမ်းဆရာတော်သံဃာတော်တွေ၊ မြို့မိမြို့ဖတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုတွေက တောင်းဆိုထားတာတွေ ရှိခဲ့ပါတယ်။

ဓါတ်ပုံ- Axsai (သီပေါ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024