မွန်ပြည်နယ် ရေးမြို့က ရေးတံတားကြီးထိပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ ရေး PDF ပြောက်ကျားအထူးအဖွဲ့က ပြောပါတယ်။
ရန်ကုန် - ရေး - ထားဝယ် - မြိတ်ကား လမ်းမကြီးပေါ်က ရေးတံတားကြီးထိပ်မှာ စစ်ကောင်စီရဲ့ ကင်းစခန်းက ကတုတ်ကျင်းနဲ့ မတရားစစ်ဆေးငွေတောင်းခံနေတဲ့ ဂိတ်ကို နိုဝင်ဘာ ၆ ရက် ည ၆ နာရီလောက်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ဆေးရေးဂိတ်ဟာ မွန်ပြည်သစ်ပါတီ နဲ့ KNU ထိန်းချုပ်နယ်မြေဘက်ကို ဆက်သွယ် သွားလာတဲ့လမ်းနဲ့ ဒေသခံတွေ ဥယျာဉ်ခြံ သွားလာလုပ်ကိုင်နေကြတဲ့ လမ်းနေရာလည်း ဖြစ်တာပါ။
ဒါ့အပြင် အဲဒီလမ်းထိပ်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက တပ်စွဲထားပြီး လုံခြုံရေး တင်းကျပ်ထားတဲ့ နေရာတစ်နေရာလည်းဖြစ်သလို ဒေသခံတွေမှာ စစ်ကောင်စီရဲ့ စစ်ဆေး မေးမြန်းတာတွေ အမြဲခံရနေတာကြောင့် ရေး PDF က စတင် တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။