စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အေးချမ်းသာရွာ၊ လိပ်ဆင်းတောင်ရွာတွေအနီးမှာ ဒီနေ့ နိုဝင်ဘာ ၉ နာရီကျော်လောက်က စစ်ကောင်စီက ဂျက်လေယာဉ်နှစ်စီးအသုံးပြုကာ လေကြောင်းနဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။
“ကျနော်တို့ လိပ်ဆင်းတောင်ကျေးရွာအနီး ဒီနေမနက်ခင်းပိုင်းမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်နဲ့ မနက်လင်းတာနဲ့ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က အကျဆုံးများတော့ အခုလိုလာပစ်တယ်။ ပစ်ပြီးတာနဲ့ စစ်ကူတွေ ချတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၈ ရက်နေ့တုန်းကလည်း ကျွန်းလှမြို့နယ်၊ ကျွဲတဲကျေးရွာအနီး ပထမအကြိမ်လေကြောင်း အသုံးပြုခဲ့ပြီး နေအိမ်နှစ်လုံး မီးလောင်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
အခု ဒုတိယအကြိမ် ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွားအနီး လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်တာဖြစ်ပါတယ်။
လိပ်ဆင်းတောင်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၇ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂၅ ဦး ထိခိုက်ဒဏ်ရာ အကျဆုံးများခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦး ထိခိုက်တာရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။