စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က စစ်ဘေးရှောင် ပြည်သူတွေအတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ငွေ ကျပ် ၁၂ သိန်း လှူဒါန်းခဲ့ပါတယ်။
ထန်တလန်မြို့အတွက် ထောက်ပံ့ငွေပေးပို့လှူဒါန်းနိုင်ဖို့ ရန်ကုန်တက္ကသိုလ်ကျောင်းသား များသမဂ္ဂက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျောင်းသားကျောင်းသူ တွေဆီ အလှူငွေကောက်ခံခဲ့ပြီး ၁,၀၄၂,၆၀၀ ကျပ်ရရှိခဲ့ကာ သမဂ္ဂမှ ရန်ပုံငွေ ၁၅၇,၄၀၀ ကျပ် မ,တည်ပြီး ထောက်ပံ့ငွေစုစုပေါင်း ကျပ် ၁၂ သိန်းတိတိကို လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ထန်တလန်မြို့ရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူ နေအိမ်ခြေ ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။