စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အမှတ် (၂၈) ရဲတပ်ရင်းအနီးမှာ နိုဝင်ဘာ ၇ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
စစ်ဗိုလ်အဆင့်ရှိသူတဦးရဲ့ မင်္ဂလာဆောင်လာတဲ့ စစ်ကောင်စီကား ၂ စီးဟာ အမှတ် (၂၈) ရဲတပ်ရင်းရဲ့ မြောက်ဘက် ရေကျော်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ကား ၁ စီး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းပေါက်ကွဲအပြီး စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်တာကြောင့် လမ်းသွားလမ်းလာ ပြည်သူ ၁ ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အနီးအနားက ပြည်သူတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။