Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ကျွန်းလှမြို့နယ် ကျေးရွာ ၈ ရွာက ပြည်သူထောင်ချီ ထွက်ပြေးနေရ
DVB
·
November 7, 2021
253849439_565119777897551_5174133445759063051_n

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၈ ရက်ကနေ စတင်ပြီး မြေပြင်အင်အားအလုံးရင်းသာမက လေကြောင်းအသုံးပြုပြီး ထိုစစ်ဆင်နေတာခိုက်တာတွေ လုပ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်က ပြည်သူထောင်နဲချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဒေသတွင်း ကျွဲတဲရွာ ၁၃၀၀၊ အင်လှရွာ ၁၂၀၀၊ အေးချမ်းသာရွာ ၅၀၀ နဲ့ မယားသာရွာ ၁၃၀၀၊ လိပ်ဆင်းတောင်ရွာက ဒေသခံ ၁၅၀၀၊ ခပေါင်းရုံရွာ ၈၀၀၊ ဥသျှစ်ကုန်းရွာ ၇၅၀ နဲ့ တပူတောရွာ ၁၃၅၀ စတဲ့ ကျေးရွာ ၈ ရွာက ဒေသခံတွေ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေစီကနေ သိရပါတယ်။

အင်လှရွာ တောင်သူတစ်ဦးက “ကျနော်တို့အရင်က ကိုယ့်လယ်ယာကို အေးအေးဆေးဆေး လုပ်လို့ရခဲ့တယ်ပေါ့။ အခုဟာက ဘယ်လုပ်ငန်းမှ လုပ်လို့မရသလို အသက်မသေအောင် လုပ်နေရတယ်။ ဒီအချိန်မှာ စပါးရိတ်သိမ်း ရမယ့်အချိန် ဖြစ်သလို ပဲခင်းပြန်စိုက်ရမယ့် ရာသီချိန်လည်း ဖြစ်ပါတယ်။ အခုလိုဖြစ်နေတော့ ဘာမှမလုပ်ရဘဲ ပျက်စီးရမယ့်အခြေအနေ ဆိုက်ရောက်နေတယ်။ စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေကာ နေအိမ်တွေပါ မီးရှို့တာလည်း လုပ်တယ်ဗျ။ မနေ့က အောင်ချမ်းသာရွာက နေအိမ်နှစ်လုံး မီးရှို့ခံရတယ်။ ဒီနေ့လည်း လိပ်ဆင်းတောင်ဘက်မှာလည်း မီးရှို့တာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာ ၇ ရင်နေ့မှာလည်း လိပ်ဆင်းတောင်ကျေးရွာအနီး ပြည်သူကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား‌နေပြီး တိုက်ပွဲရဲ့ အသေစိတ်အချက်လက်ကိုတော့ မသိရသေးဘူး။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပြီး  တိုက်ပွဲကြာရှည်ပါက ဒေသခံတွေအတွက် ကျန်းမာရေးဆိုးဆိုးဝါးဝါးထိခိုက်လာနိုင်ပြီး စိုရိမ်ရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူပရဟိတ တဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024