ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ နိုဝင်ဘာလ ၆ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံတိုင်းရင်းသားတွေ ရွာလုံးကျွတ် နေရပ်စွန့်ခွာနေကြရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားရာ ဟိန္မရပ်ကွက်၊ ဂျေရောဗလိုရွာသား တိုင်းရင်းသားတွေလည်း တပ်ရင်း ၄၂၂ နဲ့ နီးတာကြောင့် ရွာထဲကို လက်နက်ကြီးတွေနဲ့ စစ်တပ်ဘက်ကပစ်မှာစိုးတာကြောင့် ရွာလုံးကျွတ်နီးပါး ဒီနေ့မနက်ပိုင်းမှာ နေရပ်စွန့်ခွာလာကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက DVB ကိုပြောပါတယ်။
နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်လာတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ မိန်းကလေးငယ်တွေနဲ့ ကလေးငယ်တွေ အများဆုံးပါဝင်နေပြီး ထွက်မလာနိုင်သေးတဲ့ ရွာသားတချို့တော့ ကျန်နေခဲ့သေးတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - John Alben