Home
မြန်မာသတင်း
တောင်ငူစစ်ဆေးရေးဂိတ် ကုန်ကားဝင်တိုက်၊ စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရ
DVB
·
November 7, 2021
252328489_1212708139223194_1095203087138513533_n
252025293_1212708199223188_6014774738630111422_n

ပဲခူးတိုင်း တောင်ငူမြို့ ခပေါင်းတံတားတောင်ဘက် အဆင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၆ ရက် ည ၈ နာရီဝန်းကျင်က ကုန်တင်ကားတစီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာကြောင့် ဂိတ်စောင့်စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

''ကားကြီးက ဘရိတ်ပေါက်တယ်နဲ့တူပါတယ်။ ဂိတ်နားရောက်တာကို အရှိန်မထိန်းနိုင်ဘဲ ဂိတ်တဲကို တိုက်ပစ်တာ၊ ဂိတ်ကအစောင့် စစ်သား ၃ ဦးကတော့ ဒဏ်ရာတော်တော်ပြင်းလောက်တယ်'' လို့ မျက်မြင်တွေ့ရှိရသူတဦးက ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး ဂိတ်အနီးက အရက်ဆိုင်မှာ အရက်သောက်နေကြတဲ့ အရပ်ဝတ်နဲ့စစ်သားတွေ ပြန်လည်ရောက်ရှိလာပြီး ယာဉ်မောင်းဖြစ်သူကို ဇွတ်အတင်းဆွဲချကာ ထိုးနှက်ကန်ကျောက်နေကြ တယ်လို့ ဆက်ပြောပါတယ်။

“အဲ့ဒိ ကားတိုက်တဲ့နေရာကို ပြည်သူတွေဝင်ကြည့်လို့မရဘူး။ အဝေးကပဲလှမ်းကြည့်ရတာ။ ဒါတောင် စစ်သားတွေက ဓာတ်ပုံမရိုက်ဖို့ လှမ်းအော်နေကြတာ။” 

ယာဉ်မောင်းဖြစ်သူနဲ့ ကားတိုက်ခံရတဲ့ စစ်သား ၃ ယောက်ကို လူနာတင်ယာဉ်တွေနဲ့ ဆေးရုံ ပို့ဆောင်လိုက်တယ်လို့ သိရပြီး နောက်ဆက်တွဲ အခြေအနေဆက်လက်စုံစမ်းနေပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်က အစောင့်စစ်သားတွေဟာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ကားတွေဆီ ကနေ ငွေကြေးတောင်းခံယူမှု ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024