စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အမှတ် ၃ ရပ်ကွက်မှာ နိုဝင်ဘာ ၆ ရက် မနက် ၇ နာရီခွဲလောက်က မိုင်းတစ်လုံး ပေါက်ကွဲပြီး ရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
“မိုင်းကွဲတာက ဦးချစ်ဦး အိမ်ရှေ့မှာ ပေါက်တာ။ ဦးထွန်းထွန်းနဲ့မနွယ်ဦး မိုင်းထိမှန်တာတွေ ဖြစ်ခဲ့တယ်။ ဦးထွန်းထွန်းကတော့ ခြေဖဝါးနဲ့ ပေါင်းမိုင်းစ မှန်တယ်။ မနွယ်နွယ်ဦးကတော့ လည်ပင်း ရှပ်ထိ ဒဏ်ရာ ရတယ်ပေါ့။ အသက်အန္တရယ်ကတော့ စိုးရိမ်ရမယ်ထင်တာပဲ။ အခု မုံရွာ ဆေးရုံးသွားနေကြတယ်”လို့ ဒေသခံပြည်သူ တစ်ဦးက ပြောပါတယ်။
အမှတ် ၃ ရပ်ကွက်ဟာ ပြီးခဲတဲ့ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရေဝါချောင်းတံတားနားမှာ ရှိတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။