မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ သာစည်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူး ၁ ဦးဟာ နိုဝင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က ပစ်သတ်ခံလိုက်ရ တယ်လို့ သိရပါတယ်။
ပစ်သတ်ခံရသူဟာ အကြမ်းဖက်စစ်ကောင်စီကခန့်တဲ့ သာစည်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး လည်းဖြစ်၊ စစ်ကောင်စီခိုင်းသမျှကို တသွေမတိမ်းလုပ်နေပြီး စစ်ကောင်စီကိုသတင်းပေးနေသူလို့ နာမည်ကြီးနေတဲ့ ဦးအောင်မြိုင် ဆိုသူဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ဒေသခံတဦးက “အုပ်ကြီးအိမ်ဘက်က သေနတ်သံ တွေကြားတော့ စစ်သားဝင်တွေလာတယ်ထင်တာ။ ဝိုင်းအော်ကြလို့သွားကြည့်တော့မှာ အုပ်ကြီးအပစ်ခံရတာ။ ရင်ဘက်မှာ ၃ ချက် ခေါင်းမှာ ၁ ချက် ပွဲချင်းပြီးပဲ” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်ကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ငါးပြေမ-ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဗိဿနိုးတပ်မတော်တာဝန်ခံက အတည်ပြု ပြောပါတယ်။
နတ်မောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အောက်ခြေဒေါက်တိုင်ဖြစ်တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ၁၄ ရက်အတွင်း နုတ်ထွက်ကြဖို့ ဗိဿနိုးနယ်မြေပြည်သူ့ ကာကွယ်ရေးတပ်မတော်က နိုဝင်ဘာ ၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။