Home
မြန်မာသတင်း
ချင်းမိုင်တွင် ကိုဗစ်-၁၉ ပိုးတွေ့ ရွှေ့ပြောင်းလုပ်သားများထားရှိရန် ယာယီစင်တာဖွင့်လှစ်
DVB
·
November 5, 2021
252720939_4949570011722681_4062903362959391025_n

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို သီးသန့်ခွဲထားဖို့  Community Isolation Center (CI) ယာယီစင်တာ ဖွင့်လှစ်ထားတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

ချင်းမိုင်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ တနေ့တခြားပိုများလာတာကြောင့် ထိန်းချုပ်ကာ ကွယ်ရေးလုပ်ငန်းအရှိန်မြင့်တဲ့အနေနဲ့ သက်ဆိုင်ရာက ဒေသထဲထိကွင်းဆင်းကာ ATK စနစ်နဲ့ ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း၊ အဲဒီခါမှာပိုးကူးစက်ခံရသူတွေ အထူးသဖြင့် ရွှေ့ပြောင်း အလုပ်သမားတွေကြားမှာ  အပြုံလိုက်တွေ့ရှိနိုင်တာမို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အခုလို CI စင်တာဖွင့်ရတာလို့ ချင်းမိုင်ဒုခရိုင်ဝန် နိုင်းဝေါ်လဝစ် ချိုင်းဆဝဒီက ပြောပါတယ်။ 

အခုလိုစင်တာဖွင့်ရတာဟာ ပေါ့စ်တစ်ဖြစ်တဲ့သူတွေအနေနဲ့ သူတို့အသိုင်းအဝိုင်းမှာ ထပ်ဆင့်ကူးစက်မှုတွေမဖြစ်အောင် သီးသန့်ခွဲထားတာဖြစ်ကြောင်း၊  ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဩဂုတ်လကစ တွေ့ရှိခဲ့တဲ့ ပိုးကူးစက်ခံရအလုပ်သမားတွေကို   ချင်းမိုင်ဝပ်ဆီဒွန်းချိုင်းဘုန်းကြီးကျောင်းဝင်းထဲမှာ သီးသန့်ထားရှိပြီး လောလောဆယ် အဲဒီသီးသန့်ဆောင်မှာ ရွှေ့ပြောင်းလုပ်သား ၈၀ ရှိနေတယ်လို့  ဒုခရိုင်ဝန်က ဆက်ပြောပါတယ်။ 

အခုနောက်ထပ်ဖွင့်လိုက်တဲ့ CI စင်တာကတော့ ချင်းမိုင်မြူနီစီပါယ်အားကစားကွင်း မိုးလုံ လေလုံခန်းမ ၃ ခုမှာဖြစ်ကြောင်း၊ ဟောခန်းတစ်ခန်းကို လူ ၁၂၀ ဆန့်ပြီး စုစုပေါင်း ၃၆၀ ဦး လက်ခံနိုင်ပြီး အိပ်ရာ၊ ပန်ကာ၊ မီး၊ ရေချိုးခန်း၊ အိမ်သာတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ 

ချင်းမိုင်မြို့အပြင် ခရိုင်ထဲမှာရှိတဲ့ အခြားမြို့နယ်အသီးသီးမှာလည်း အခုလို သီးသန့်စင်တာ တွေ ဖွင့်လှစ်ထားရှိဖို့ ညွှန်ကြားထားတယ်လို့ ချင်းမိုင်ဒုခရိုင်ဝန်က ပြောသွားပါတယ်။ 

ချင်းမိုင်ခရိုင်မှာ ဒီကနေ့ ပိုးတွေ့လူနာသစ် ၄၈၈ ဦးရှိပြီး သေဆုံးသူ ၂ ဦးရှိပါတယ်။ ဒီနိုဝင်ဘာလဆန်း ၄ ရက်ထဲမှာတင် ကိုဗစ်-၁၉ လူနာသစ် ၁၉၇၃ ရှိပြီး ပြီးခဲ့တဲ့ဧပြီလကစ ကနေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၈၇၂၆ ဦး သေဆုံးသူ ၆၆ ဦးရှိသွားပြီလို့ ခရိုင်ကိုဗစ်ထိ န်းချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ ကိုးကား - https://www.cnxpests.com/?gclid=Cj0KCQjwrJOMBhCZARIsAGEd4VE4W6XFF9wwRj5c3dUnIAlom9LowZTJDT2SMos0RIXIwEMxY-cUR0YaAvbzEALw_wcB

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024