မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်မှာ နိုဝင်ဘာလ ၄ ရက် ညနေပိုင်းက ရာအိမ်မှူးတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် (၅၃) နှစ်အရွယ် သံလျှက်မှော်အနောက်ရပ်ကွက်ရဲ့ ရာအိမ်မှူး ဦးမျိုးနိုင် ဖြစ် ရင်ဘတ်နဲ့ ပေါင်တို့မှာ ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးကို ပို့ဆောင်စဉ် သေဆုံးသွာခဲ့တယ်လို့ သိရပါတယ်။
ရာအိမ်မှူး ဦးမျိုးနိုင်ဟာ သံလျှက်မှော်အနောက်ရပ်ကွက်ရဲ့ ယာယီအုပ်ချုပ်ရေးမှူးအနေနဲ့ လှုပ်ရှားနေပြီး စစ်ကောင်စီကို သတင်းပေးတာတွေ လုပ်နေတာကြောင့် GZP ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။