Home
မြန်မာသတင်း
ပေါင်မြို့နယ်က စစ်တပ်ပိုင် Mytel တာဝါတိုင် ဗုံးခွဲ ဖျက်ဆီးခံရ
DVB
·
November 3, 2021
252958894_1736914949972766_1325079895978554973_n

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မှော်ဘီကျေးရွာအုပ်စု၊ ကော့ပလိန်ကျွန်းကျေးရွာက စစ်တပ်ပိုင် Mytel တာဝါတိုင် နိုဝင်ဘာ ၃ ရက်နေ့ မနက် ၂ နာရီလောက်မှာ ဗုံးခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

အဲဒီစစ်တပ်ပိုင် Mytel တာဝါတိုင်ကို အမည်မသိ လူတစ်စုက လာရောက်ပြီး မိုင်းထောင် ဖောက်ခွဲသွားခဲ့တာ ဖြစ်ပါတယ်။

ဗုံးခွဲဖျက်ဆီးခံလိုက်ရပြီးနောက် တာဝါတိုင် ပြိုကျပျက်စီးတာ မရှိပေမယ့် တာဝါတိုင်အောက်ခြေက မီးစက်အပါအဝင် ဆက်သွယ်ရေးစက်ပစ္စည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Mytel တာဝါတိုင်ကို ဗုံးခွဲဖျက်ဆီးတာခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက် စစ်ဆေးတာတွေ ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။

ပေါင်မြို့နယ်အတွင်းက Mytel တာဝါတိုင်ကို စစ်တပ်က အခုနောက်ပိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တွေကို အလှည့်ကျ လုံခြုံရေးယူခိုင်းထားတဲ့ကြားက ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ပေါင်မြို့နယ်အတွင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဒီနေ့အချိန်ထိ Mytel တာဝါတိုင် ၃ ခုထိ ဖျက်ဆီးခံထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024