ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်လို့ အဖမ်းခံရပြီး မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားတစ်ဦးကို နိုဝင်ဘာ ၂ ရက် နေ့လယ် ၂ နာရီလောက် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
မြစ်ကြီးနား အကျဉ်းထောင်ကနေ အောက်တိုဘာ ၁၈ ရက်နေ့ ပြန်လည်လွတ်မြောက်ခဲ့တဲ့ ကိုသန်းထိုက်ဇင်ကို စစ်ကောင်စီက နေအိမ်မှာ လာဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သူ နေတဲ့အိမ်ကို အရပ်ဝတ်နဲ့ နှစ်ယောက်လာပြီး သူ့ကို မေးတယ်။ အပြင်ထွက်သွားတယ်ဆိုတာနဲ့ ပြန်ထွက်သွားပြီး ကွမ်းယာဆိုင်မှာ တွေ့တာနဲ့ ဖမ်းသွားတယ်” လို့ ပြောပါတယ်။
ကိုသန်းထိုက်ဇင်ဟာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး ၁၅ ရက်အကြာမှာ ဆိုင်ကယ်လုယက်တယ် စွပ်စွဲပြီး ရမ်ပူရပ်ကွက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ကိုသန်းထိုက်ဇင်ဟာ မတ် ၂၇ ရက်နေ့က မြစ်ကြီနားမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်မှာ ပါဝင်ချိန် ဘူတာရုံအနီး ဖမ်းဆီးခံရတာဖြစ်ပြီး ပုဒ်မ ၅၀၅-က နဲ့ ၈ လကြာ အကျဉ်းကျခဲ့သူတစ်ဦး ဖြစ်ပါတယ်။