နိုဝင်ဘာ ၁ ရက်နေ့က ပြန်ဖွင့်လိုက်တဲ့ မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ၄ သောင်းကျော်သာ တက်ရောက်ခဲ့တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။
မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းတွေအားလုံးမှာ ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး ကျောင်းသားကျောင်းသူ ၄ သိန်းကျော်ရှိတဲ့အနက် အခု စစ်ကောင်စီက ဖွင့်လှစ်တဲ့ ပညာသင်နှစ်မှာ ၁၀ ရာခိုင်နှုန်းလောက်သာ တက်ရောက်ပညာသင်ကြားနေခဲ့တယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ကျောင်းသားမိဘတဦးက “ကျောင်းသာဖွင့်လိုက်တာ၊ ကလေးရဲ့ လုံခြုံရေးလည်း စိတ်ချလို့ မရသလို အခုတက်နေကြတဲ့ ကျောင်းသားကျောင်းသူတွေဟာ စစ်တပ်က သားသမီးတွေနဲ့ နယ်မြို့ရွာဘက်တွေက သားသမီးတွေကသာ ကျောင်းတက်တာများပါတယ်” ပြောပါတယ်။
မွန်ပြည်နယ် အခြေခံပညာစာသင်ကျောင်းတွေမျာ စစ်တပ်၊ ရဲတွေအပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ရွာ အရန်မီးသတ်တပ်ဖွဲ့တွေက လုံခြုံရေးယူထားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံတဝန်း အခြေခံပညာကျောင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့ကစတင်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် မြို့နယ်အတော်များများမှာ တက်ရောက်သူ အနည်းအကျဉ်းသား ရှိတယ်လို့ သိရပါတယ်။