ဧရာဝတီတိုင်း၊ မအူပင်မြိုနယ်မှာ နိုဝင်ဘာ ၁ ရက်နေ့ မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ပျူစောထီး ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေတောင်မှော်ကျေးရွာ ရဲစခန်းနဲ့ ၂ ဖာလုံလောက်မှာ ပျူစေားထီးအဖွဲ့ဝင် ၂ ဦးဟာ မအူပင်မြို့မှာ ဗုံးဖောက်ခွဲဖို့ ဆိုင်ကယ်နဲ့လာစဥ် ဆိုင်ကယ်ထဲ ထည့်ယူလာတဲ့ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"မအူပင်မြို့ပေါ်မှာ PDF တွေ ဗုံးဖောက်တာဆိုပြီး သူတို့လုပ်နေတာ၊ ခုတော့ သူတို့ကိုယ်တိုင်ထိပြီလေ။ ခုပေါက်တဲ့နေရာက ရွှေတောင်ပေါ်မှော်ရွာနဲ့ ကျားပျံ ခြောက်ရွာ ကျေးရွာ သွားတဲ့လမ်း၊ ရွှေတောင်ပေါ်ရဲစခန်းနဲ့ ၂ ဖာလုံလောက်မှာ ကွဲတာ။ သူတို့စေတနာ သူတို့အကျိုးပေးပြီး လမ်းပေါ်မှာတော့ ကားယားကြီးသေဖို့တော့ များတယ်" လို့ ဒေသခံတဉီးက ပြောပါတယ်။
ရွှေတောင်မှော် ကျားပျံ ခြောက်ရွာလမ်းမှာ ဗုံးပေါ်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက နေရာတဝိုက်ကို ပိတ်ဆို့ထားတာကြောင့် သေဆုံးသူနဲ့ ထိခိုက်တာ ဘယ်သူတွေဆိုတာ အသေချာ မသိရသေးဘူးလို့ ဆိုပါတယ်။
မအူပင်မြို့နယ်စည်ပင်သာယာရုံးမှာလည်း နို၀င်ဘာ ၁ ရက် ညနေ ၃ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
မအူပင်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်အုပ်စုနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ဗုံးပေါက်ကွဲမှု ၁၅ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။