ဧရာဝတီတိုင်း မအူပင်မြို့မှာ နို၀င်ဘာ ၁ ရက်နေ့ အကြမ်းဖက်စစ်တပ် ထောက်ခံပွဲပြုလုပ်မယ့်နေရာမှာ အောက်တိုဘာ ၃၁ ရက်ည ၆ နာရီကျော်က ဗုံးပေါက်ကွဲတယ်လို့ သိရပါတယ်။
မအူပင်မြို့ဘက် တံတားအဆင်းမှာ မနေ့ည ၆:၃၅ မိနစ်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို မနက်ပိုင်းက အဲဒီနေရာမှာ ဗုံး၂ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒီဖောက်ခွဲမှုကို မအူပင် PDF တပ်ဖွဲ့ခွဲတစ်ခု ဖြစ်တဲ့ ရေဝတီရဲ့စေတမန်အဖွဲ့က ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။
စစ်တပ်ထောက်ခံပွဲပြုလုပ်မယ့်နေရာအနီး ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရရမှု ရှိမရှိကိုတော့ မသိရသေးပါဘူး။
မအူပင်မြို့မှာ အောက်တိုဘာလနောက်ဆုံးအပတ်အတွင်း ဗုံးပေါက်ကွဲမှုတွေနဲ့ ဒလန်းရှင်းလင်းမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။