မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁) ရပ်ကွက် ရာအိမ်မှူးတဦး အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
အသက် ၄၆ နှစ်အရွယ် ရာအိမ်မှူး ကိုသက်နိုင်ဟာ ၆၆ လမ်း၊ ၃၈ လမ်းနဲ့ ၃၉ လမ်းကြားရှိ နေအိမ်မှာ ပစ်သတ်ခံရတာဖြစ်ပြီး ဦးခေါင်းကို ကျည်ထိမှန်ကာ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။
ရာအိမ်မှူး ဦးသက်နိုင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေတဲ့ လူငယ်တွေရဲ့ နေအိမ်တွေကို လိုက်ပြတာတွေရှိပြီး သူ့ကြောင့် အဖမ်းခံရသူ ၁၀ ဦးထက်မနည်း ရှိတယ်လို့ ရပ်ကွက်နေ ပြည်သူတချို့ က ဆိုပါတယ်။
ဦးသက်နိုင် သေနတ်နဲ့ပစ်သတ်ခံရပြီး မကြာခင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။