စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှာ CDM ပြုလုပ်ခဲ့တဲ့ ဆရာဝန် ၂၄ ယောက်ကို စစ်ကောင်စီက အလုပ်ထုတ်ပယ်လိုက်ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်တဲ့ အစည်းအဝေးမှာ ခွင့်မဲ့ပျက်ကွက်လို့ ဆရာဝန် ၂၄ ဦးကို ထုတ်ပယ်လိုက်ကြောင်း ကြောညာချက်ထွက်လာခဲ့ပါတယ်။
ထုတ်ပယ်တယ်ဆိုတဲ့ စာရင်းထဲမှာ မုံရွာဆေးရုံက ဆရာဝန် ၂၄ ယောက်ပါ ဝင်နေတာတွေ့ ရပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ဆရာဝန်တွေ၊ ကျောင်းဆရာတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက အကြမ်းမဖက် အာဏာဖီဆန် တော်လှန်နေကြတာ ရှိသလို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ ရရာလက်နက်စွဲကိုင် တော်လှန်နေသူတွေလည်းရှိပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ညပိုင်းက မုံရွာမြို့ ကွေ့ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ ၂ နဲ့ ပေ ၈၀ လမ်းထိပ်ရှိ ကမ္ဘောဇဘဏ်ခွဲ ၄ တို့ကို အသံဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့တယ်လို့ Monywa UG Group နဲ့ Monywa Night King ထုတ်ပြန်ခဲ့ပါတယ်။
ဘဏ်စောင့်ဝန်ထမ်းတစ်ဦး ထိခိုက်မှာစိုးတဲ့အတွက် အသံဗုံးဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။