Home
မြန်မာသတင်း
ပခုက္ကူမြို့တွင် ပျူစောထီးခေါင်းဆောင်တဦး၏မိသားစု ပစ်သတ်ခံရ
DVB
·
October 30, 2021
249946322_2698332090470065_1713168627298809285_n

ပခုက္ကူမြို့အနောက်ဘုန်းကန်ကျေးရွာက စစ်တပ်သတင်းပေး ပျူစောထီးခေါင်းဆောင်တစ်ဦးရဲ့ မိသားစု အသတ်ခံရတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်သတင်းပေး ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ အနောက်ဘုန်းကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဦးရဲ့  ဇနီးနဲ့ ဖခင်ဖြစ်သူတို့ကို အောက်တိုဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်ကျင်လောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ပခုက္ကူ PDF က ထုတ်ပြန်ကြေညာထားပါတယ်။

ဦးမင်းဇော်ဦးကတော့ ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပခုက္ကူ PDF က အတည်ပြုပြောပါတယ်။

ကျေးရွာဒေသခံတစ်ဦးက “ဖခင်ဖြစ်သူသေသွားတယ်၊ ဦးမင်းဇော်ဦးကတော့ မသေဘူး ထွက်ပြေးတယ်၊ အနောက် ဘုန်းကန်ရွာမှာဖြစ်တာပါ။ ညနေ ၃ နာရီခွဲလောက်က သေနတ်နဲ့ပစ်ခံရတာ၊ အခု စစ်ကား ၄ စီးနဲ့ တစ်ရွာလုံးကို ပတ်ရှာနေတာ တရွာလုံးက လူတွေလည်း ထွက်ပြေးနေကြတာ။ ဒလန်ကောင်ကတော့ ဒဏ်ရာနဲ့ လွတ်သွားတယ်” လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်အတွင်း တခြားကျန်ရှိနေတဲ့ ပျူစောထီးတွေ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ မိမိတို့လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ ပခုက္ကူ PDF က  တိုက်တွန်းထားပါတယ်။ 

ဆက်လက် ပါဝင်ပတ်သက်ပါက ရှင်းလင်းသုတ်သင်တာတွေကို ဆောင်ရွက်သွားမယ်လို့ ပခုက္ကူ PDF  သတင်းပြန်ကြားရေးနဲ့ပြင်ပဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024