Home
မြန်မာသတင်း
ကျွန်းလှမြို့နယ် အမျိုးသားဒီမိုကရေစီအ‌ဖွဲ့ချုပ်ရုံး မီးရှို့ဖျက်ဆီးခံရ
DVB
·
October 30, 2021
251063636_1238492576627126_885534899997057982_n
250222918_1238492646627119_2506026852903283545_n
250141236_1238492609960456_3568504571786158960_n

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်က မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို အောက်တိုဘာ ၂၉ ရက် ည ၁၂ နာရီလောက်က စစ်တပ်လက်ကိုင်တုတ် ရဲတပ်ဖွဲ့နဲ ပျူစောထီးတွေ လာရောက်မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ခံတစ်ဦးက “ည ၁၂ နာရီလောက် အရပ်ဝတ်တွေရော၊ ရဲယူနီဖောင်းတွေနဲ့ရော လာပြီး မီးရှို့ကြတာ။ မီးရှို့ပြီး သေနတ်တွေ ပစ်ဖောက်နေတော့။ ဘယ်သူမှလည်း မငြှိမ်းရဲဘူး။ မီးသတ်ရုံး ဖုန်းဆက်တယ်၊ မလာဘူး” လို့  ပြောပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် NLD ရုံးတခုလုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှမြို့နယ်၊ ကျွဲတဲရွာအနီးကို အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီ ရဟတ်ယာဉ် ၃ စီး ရုတ်တရက်ရောက်လာပြီး ၂ စီးက ကျေးရွာအတွင်း သေနတ်နဲ့ပစ်ခတ်ကာ ၁ စီးက တပ်သားတွေ ချသွားတယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ပေါ်က ပစ်ခတ်မှုကြောင့် လူထိခိုက်မှု မရှိပေမဲ့ ဆိုင်ကယ်နှစ်စီး မီးလောင်သွားပြီး ကျွဲအကောင်ရေတော်တော်များများလည်း သေနတ်ထိမှန် ဒဏ်ရာရ သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024