မန္တလေးတိုင်း ပုဂံညောင်ဦးမြို့နယ်၊ ဝါးခင်းကြီးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ စီးပွားရေး ဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ကို အောက်တိုဘာ ၂၈ ရက် ညနေ ၃ နာရီ လောက်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ပုဂံညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒေသခံတဦးက ''တိုင်အောက်က စက်ခန်းတွေမီးလောင်နေတာလှမ်းမြင်ရတယ်။ ရွာထဲက Mytel သုံးတဲ့သူတွေရဲ့ ဖုန်း တွေမှာလည်း တိုင်တွေပျောက်ကုန်တယ်'' လို့ ပြောပါတယ်။
နိုင်ငံနဲ့အဝှမ်းရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါ တိုင်ပေါင်း ၁၆၀ ကျော်ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ မှတ်တမ်းပြုစုထားသူတွေဆီက သိရပါတယ်။