မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၂၈ ရက်ညက အကြမ်းဖက်စစ်ကောင်စီရဲ့ စီးပွားရေးဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်တစ်တိုင်ကို ရေစကြို PDF တပ်ဖွဲ့က ဖောက်ခွဲမီးရှို့ခဲ့တယ်လို့ အဲဒီပြည်သူကာကွယ်ရေးတပ်ဖွဲကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ပိတ်သင်းကပ် ရွာနားမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင် မိုင်တဲလ် တာဝါတိုင်တစ်တိုင်ကို မနေ့က ည ၉ နာရီလောက်မှာ ဖောက်ခွဲမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြို PDF ခေါင်းဆောင်က ပြောပါတယ်။
ရေစကြို PDF တပ်ဖွဲ့အနေနဲ့ စစ်အုပ်စုရဲ့ မိုင်တဲလ် တာဝါတိုင်တွေကို လိုက်လံဖောက်ခွဲ ဖျက်ဆီးနေသလို မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မိုင်တဲလ် Sim ကတ်တွေကို လုံးဝအသုံးမပြုကြဖို့နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်မှန်သမျှကို သပိတ်မှောက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ရေစကြို PDF တပ်ဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်ကလည်း မြို့အထွက်မှာ သောက်စားမူးရူးပြီး ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ယောက် ဒဏ်ရာ အပြင်းထန်ရရှိသွားတယ်လို့ သိရပါတယ်။