Home
မြန်မာသတင်း
နတ်တလင်း၌ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးနှင့် သတင်းပေး ၂ ဦး သေနတ်ဖြင့်ပစ်ခံရပြီး ၁ ဦးသေဆုံး
DVB
·
October 28, 2021
247392642_1206386533188688_1753873449281529398_n

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းစန်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးတဲ့ သားအဖ ၂ ဦးတို့ အောက်တိုဘာ ၂၇ ရက်  မွန်းတည့်  ၁၂ နာရီလောက်က သေနတ်နဲ့ပစ်ခံရလို့ ၁ ဦးသေဆုံးသွားပါတယ်။

သေနတ်နဲ့ ပစ်ခံရသူတွေဟာ စစ်ကောင်စီခန့်တဲ့  ကွင်းစန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်နဲ့ စစ်ကောင်စီသတင်းပေး ဦးသိန်းထွန်းနဲ့ သူ့ရဲ့ သားဖြစ်သူ ကိုကောင်းထက်ခန့် တို့ဖြစ်ပြီး ကိုကောင်းထက်ခန့်ကတော့နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက ''သေနတ်နဲ့ပစ်ခံရသူတွေဟာ စစ်ကောင်စီသတင်း ပေးတွေပဲ။ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကတော့ ထွက်ပြေးလို့ လွတ်သွားတယ်။ ဦးသိန်းထွန်း ကတော့ ဆေးရုံရောက်သွားပြီ။ အခြေအနေမကောင်းဘူး။ သူ့သား ကောင်းထက်ခန့် ကတော့ နေရာမှာတင် အသက်ပါသွားတယ်'' လို့ ပြောပြပါတယ်။

အဆိုပါပစ်ခတ်မှုကို Phoenix ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

''အုပ်ချုပ်ရေးမှူးကိုတော့ မထိဘူး။ ဟိုသားအဖကိုတော့ အတိုနဲ့ ၉ ချက်ကျွေးလိုက်တယ်။ သူတို့သားအဖက သတင်းပေးလုပ်နေတယ်ဆိုလို့ စုံစမ်းနေတာကြာပြီ။ ရဲဘော်တွေကလည်း သေချာမှ လုပ်တာပါ'' လို့ Phoenix PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောပြပါတယ်။

အခုရက်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန်တွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေကြရပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လည်း နုတ်ထွက်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024