မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးရှေ့မှာ အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်က ဗုံး ၂ လုံး ပေါက်ကွဲပြီး လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပထမ ဗုံးပေါက်ကွဲမှုကြောင့် ကညန ပွဲစား ၄ ယောက် ထိခိုက်ခဲ့ပြီး ရပ်ထားတဲ့ ဆိုင်ကယ် ၁၃ စီးလည်း မီးလောင်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်တဲ့ ဆိုင်ကယ်တွေကို မီးသတ်က လာရောက်ငြိမ်းခဲ့ပြီး မကြာခင်မှာ နောက်ထပ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကာ လူ ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“ပထမ ဗုံးပေါက်တော့ ဆိုင်ကယ်တွေ မီးလောင်တာ။ မီးလောင်တဲ့ ဆိုင်ကယ်တွေကို မီးသတ်က လာငြှိမ်းတယ်။ မကြာဘူး နောက်တလုံးထပ်ကွဲတယ်။ တော်တော်များများ ဒဏ်ရာရတယ်။” လို့ အနီးပါတ်ဝန်းကျင်ရှိ ပြည်သူ တစ်ဦး က ပြောပါတယ်။
စက်တင်ဘာလ ၂၇ ရက် နေ့ကလည်း ကညနရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်။