ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်က စစ်ကောင်စီသတင်းပေး ဒလန်လို့ လူသိများတဲ့ အမျိုးသားတယောက် အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီခွဲလောက်က သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ တက္ကစီမောင်းတဲ့ ဦးသိန်းဝင်းဖြစ်ပြီး ကားမောင်းရင်း သတင်းစုံစမ်းသလို ဓာတ်ပုံရိုက်ပြီး ဖမ်းခိုင်းတာတွေ လုပ်နေတာကြောင့် ရှင်းပစ်လိုက်တာလို့ Rangoon Urban Revolutionaries -RUR က ဆိုပါတယ်။
ဦးသိန်းဝင်းဟာ တက္ကစီမောင်းရင်း လှိုင်မြို့နယ်၊ သီရိမြိုင်ဘူတာအနီး ကားရပ်နားနေချိန်မှာ ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။
ဦးသိန်းဝင်း ပစ်ခတ်ခံရတာကြောင့် ဖမ်းဆီးခံရသူ ၈ ဦးထက်မနည်း ရှိနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။