မန္တလေးမြို့မှာ အောက်တိုဘာ ၁၈ ရက်နေ့က မြို့နယ်အခွန်ရုံး ၃ ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးခွဲခံရတဲ့ မြို့နယ်အခွန်ရုံးတွေဟာ ၆၅ B လမ်း၊ ၁၀၄ လမ်းဘက်ရှိ ချမ်းမြသာစည်မြို့နယ်အခွန်ရုံး၊ ၈၄ လမ်း၊ ၂၈-၂၉ လမ်းကြားရှိ အဆောက်အအုံတစ်ခုတည်းမှာရှိတဲ့ မဟာအောင်မြေမြို့နယ် အခွန်ရုံးနဲ့ ချမ်းအေးသာစံမြို့နယ်အခွန်ရုံးတို့ ဖြစ်ပါတယ်။
စစ်ကောင်စီအတွက် အခွန်ရအောင် လုပ်နေတဲ့ မြို့နယ်အခွန်ရုံးတွေကို နောင်ရိုး ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တပြိုင်တည်း ဗုံးဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။