Home
မြန်မာသတင်း
ညောင်ဦးမြို့နယ်ထဲက Mytel တာဝါတိုင် ဖျက်ဆီးခံရ
DVB
·
October 17, 2021
245501927_1199276973899644_7460197183897178516_n

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးပူးပေါင်းလုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ကို အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ပေါက်ကွဲသံကြားလိုက်ရတယ်။ တိုင်ကြီးကတော့ လဲမသွားဘူး။ စစ်တပ်က မိုင်းထောင်ထားတယ်ဆိုလို့ သွားလည်းမကြည့်ရဲဘူး။ Mytel ဖုန်းလိုင်းတွေပျက်သွားတယ်” လို့ ပြောပြပါတယ်။

အဆိုပါ ဖောက်ခွဲဖျက်ဆီးမှုကို ပုဂံညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BGN_NYU PDF) က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပုဂံညောင်ဦး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “ဒီက ရဲဘော်တွေ ဖောက်ခွဲဖျက်ဆီးလိုက်တာ ဟုတ်ပါတယ်။ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်သည်အထိ ဆက်လက်လုပ်ဆောင်သွားမှာပါ။ အခုထက်ဆက်ပြီးလည်း အရှိန်မြှင့်လုပ်ဆောင်သွားမှာပါ။” လို့ ပြောပါတယ်။

ပုဂံညောင်ဦးမြို့နယ်မှာ မကြာခဏဆိုသလို စစ်ကောင်စီသတင်းပေးတွေနဲ့ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မကြာခဏဆိုသလို သတ်ဖြတ်ခံနေရပေမယ့် တာဝန်ကနေ နုတ်ထွက်တဲ့အုပ် ချုပ်ရေးမှူးမရှိသလောက် နည်းပါးနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံနဲ့အဝှမ်းက အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ပေါင်း ၁၅၀ ကျော်ဖျက်ဆီးခံရပြီးဖြစ်တယ်လို့ မှတ်တမ်းပြုလုပ်ထားသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024