ဧရာဝတီတိုင်း ချောင်းသာကမ်းခြေမှာ ဖွင့်ထားတဲ့ ဟိုတယ်တွေကို အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီက ဧည့်စာရင်း စစ်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ကမ်းခြေ ဟိုတယ် ၁၆ လုံးအနက် ဟိုတယ် ၈ လုံးကို အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့တာပါ။၊
ဟိုတယ်လုံခြုံရေးကိစ္စရပ်တွေကို အထူးသတိပြု ဆောင်ရွက်ထားဖို့ ထူးခြားဖြစ်စဉ်ရှိပါက သတင်းပေးပို့နိုင်ဖို့ ကွင်းဆင်းဆောင်ရွက်တာလို့ သိရပါတယ်။
ပုသိမ်-ချောင်းသာ လမ်းဘေးက တောတွေထဲ အကြမ်းဖက်စစ်တပ်က တောတိုးပြီး PDF တွေကို ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်း ရန်ကုန်-ပုသိမ်လမ်းပေါ်က ပန်တိုင်စစ်ဆေးဂိတ်တွင် အကြမ်းဖက်စစ်တပ်က လုံခြုံရေး စစ်ဆေးတာတွေ လုပ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
လတ်တလောမှာတော့ သီတင်ကျွတ်ရုံးပိတ်ရက်ရှည်အတွက် ကမ်းခြေဟိုတယ်တွေမှာ အခန်း ကြိုတင်မှာယူတာတွေနဲ့ ပြည့်နေပြီလို့လည်း သိရပါတယ်။