မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးတောကျေးရွာက စစ်တပ်ပိုင် Mytel ကုမ္ပဏီရဲ့ ဆက်သွယ်ရေး တာဝါတိုက်က စက်တွေ အောက်တိုဘာ ၁၄ ရက် မနက် ၆ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။
စက်ပုံးတွေ မိုင်းခွဲခံရတာဖြစ်တာကြောင့် လူထိခိုက်တာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါဖောက်ခွဲဖျက်ဆီးမှုကိုတောင်သာ TTA ပြောက်ကျားတပ်နဲ့The value of young men ပြောက်ကျားတပ်အဖွဲ့တို့ ပူးပေါင်း လုပ်ခဲ့တာဖြစ်တယ်လို့ တောင်သာ TTA ပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာရှင် ခုခံတွန်းလှန်စစ်စတင်တဲ့ စက်တင်ဘာ ၇ ရက်နေ့ကစပြီး စစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစုအကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့ Mytel တာဝါတိုင်တွေ ရာနဲ့ချီ ဖောက်ခွဲ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။