စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ကြာပင်လှကျေးရွာမှာ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းက မြေပဲခင်းထွန်ယက်နေတဲ့ ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
အရာတော်မြို့နယ် နောင်ကြီးအိုင်လမ်းပေါ် ပါရမီရွာနဲ့ ကြာပင်လှရွာကြားမှာ စစ်ကားတွေ မိုင်းဆွဲခံရမှုဖြစ်ပွားပြီးနောက်မှာ ညီအစ်ကို နှစ်ဦးကို မသင်္ကာလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ကြာပင်လှတောခြေမှာ မြေပဲစိုက်ဖို့ လယ်ထွန်နေတဲ့ညီအစ်ကို ကို မိုးဆွဲခံရတာ မသင်္ကာလို့ လာဖမ်းသွားတယ်။ ဘယ်ဖမ်းသွားလဲတော့မသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မသင်္ကာလို့ ဖမ်းဆီးခေါ်ဆောင်သွားသူနှစ်ဦးဟာ ကြာပင်လှရွာသား ကိုအောင်ဖြိုးဇော်နဲ့ ကိုအောင်မျိုးဇော်တို့ ညီအစ်ကိုဖြစ်ပါတယ်။
အရာတော်မြို့နယ်မှာ စစ်ကောင်စီက ကျေးရွာပေါင်း ၁၅ ရွာကို ရွှေ့ပြောင်းဖို့ လက်ကမ်း စာစောင်တွေ လိုက်လံဝေငှသလို အရာတော်မြို့ပေါ်မှာလည်း အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့ပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးတာတွေရှိနေပါတယ်။