မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၈ လမ်း နဲ့ ၂၉ လမ်းကြား၊ ၇၆ လမ်းနဲ့ ၇၇ လမ်းကြားမှာ အောက်တိုဘာ ၁၂ ရက် မနက် ၁ နာရီ ၂၂ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဟေမာဇလရပ်ကွက်ရှိ နံကပ် ၂ ထပ် အပေါ်ထပ်ထရံကာ အပေါ်ထပ်အိပ်ခန်းအတွင်းရှိ မိန်းပလပ်ခုံအပူလွန်ကဲရာမှ အနီးရှိထရံကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်ရာကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ပြီး သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၁ နာရီ ၃၄ မိနစ်မှာ မီးလုံးဝငြိမ်းခဲ့ပါတယ်။
မီးလောင်မှုကြောင့် အိမ်ရှင်ဒေါ်ဆွေဆွေထွန်းရဲ့ နေအိမ်အပေါ်ထပ်နဲ့ အနောက်ဘက်ရှိ ပိုင်ရှင် ဦးခင်မောင်ထွေးရဲ့ ၁၀ ပေပတ်လည် ထရံကာမြေစိုက် ၁ လုံး၊ ဆိုင်ကယ် ၃ စီး၊ အတွင်းပစ္စည်းများအနည်းငယ် ဆုံးရှုံးပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၁၆၃၀၀၀ဝိ ကျပ်လောက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် အိမ်ရှင်အား ချမ်းအေးသာစံမြို့နယ်အမှတ်(၈)ရဲစခန်းက ပုဒ်မ (၂၈၅) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။