စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ထန်းတော ကန်ပတ်လမ်း အထက(၆)အနီးမှာ အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီလောက်က လူငယ်နှစ်ယောက်ကို အရပ်ဝတ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ရာမှာ တယောက် သေဆုံးသွားပါတယ်။
လူငယ် နှစ်ယောက်ဟာ ဆိုင်ကယ်စီးလာတာဖြစ်ပြီး အရပ်ဝတ်လက်နက်ကိုင် လေးယောက်က အိမ်စီးကားအဖြူနဲ့ သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာမှာ လူငယ်တယောက်သေဆုံးပြီး တယောက်ကတော့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ သံမဏိ အဖွဲ့သားများ (MPDF ကိုယ်စားပြု) က ဖြစ်ပြီး ရဲဘော်စုပ်ဖွားဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သေဆုံးသွားတဲ့ လူငယ်ရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်က ရဲကားနဲ့ လာရောက်ယူဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။