မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်း နဲ့ ၅၄ လမ်းကြား၊ ၁၁၃ လမ်းနဲ့ ၁၁၄ လမ်းကြားရှိ အထက (၃၅) ကျောင်းမှာ အောက်တိုဘာ ၁၁ ရက် မနက် ၁၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။
အဲဒီစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးက ဘက်လုပ်ဗုံးနဲ့ ပစ်ခဲ့တာဖြစ်ကာ ကျောင်းအတွင်း တံခါးအနီးမှာ ပေါက်ကွဲတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
“အဲဒီကျောင်းမှာ ဒီရက်ပိုင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာတွေ့တယ်။ နောက်ပြီး တပ်စွဲထားတဲ့ ပုံစံမျိုး စစ်ကားတွေ အမြဲတွေ့ရတယ်။ တချို့ကလည်း စစ်သားတွေကို ပစ်ပြေးတာလို့ ပြောကြတယ်။ သေသေချာချာတော့ မသိရဘူး။”
ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာနဲ့ ပစ္စည်း ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရပါတယ်။