မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အောက်တိုဘာ ၁၁ ရက်မနက်ပိုင်းက သေနတ်နဲ့ ပစ်ခံရလို့ မြို့နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်း သေဆုံးသွားပြီး တခြားလူ ၂ ယောက် ဒဏ်ရာရ သွားပါတယ်။
မြို့နယ်ထွေ/အုပ်ရုံးနား မုန့်ဟင်းခါးဆိုင်မှာ မြို့နယ်စီကောင်စီ ဥက္ကဋ္ဌ ကျော်ငြိမ်းနဲ့အဖွဲ့ ထိုင်နေချိန် အမည်မသိသေနတ်သမားက လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၈ နာရီလောက်က သေနတ်မှန်ပြီး ဥက္ကဋ္ဌကျော်ငြိမ်း သေတယ်။ ကြံ့ခိုင်ရေးပါတီက တစ်ယောက်ရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးရယ် သေနတ်မှန်ပြီး ဒဏ်ရာရတယ်"လို့ ဒေသခံက ပြောပါတယ်။
ဥက္ကဋ္ဌ ကျော်ငြိမ်းဟာ သေနတ် ၉ ချက် ထိမှန်သေဆုံးခဲ့ပြီး ကျန် ၂ ဦးကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့လည်း သိရပါတယ်။
အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့တွင်း လုံခြုံရေး တင်းကျပ် စစ်ဆေးနေပါတယ်။