စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ အောက်တိုဘာ ၉ ရက် ဒီနေ့မနက် ၉ နာရီလောက်က ရဲကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။
မိုင်းဆွဲခံရတဲ့ ရဲကားဟာ ရပ်ထားတာဖြစ်ပြီး အနီးအနားမှာ လုံခြုံရေးယူနေတဲ့ သူတွေရှိတဲ့ အတွက် အထိအခိုက်ရှိနိုင်တယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။
“ထိခိုက်တာတွေရှိတယ်။ အနားကို သွားကြည့်လို့မရတဲ့အတွက် ဘယ်လောက်ထိခိုက်တယ်ဆိုတာ မသိရဘူး” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။
အခုလို ရဲကားတစ်စီး မိုင်းဆွဲတိုက်ခိုက်တာဟာ Monywa Rangers Group က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အတည်ပြုပါတယ်။