Home
မြန်မာသတင်း
မတ္တရာမြို့နယ်၌ ကျူရှင်ဆရာ ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းပစ်ထား
DVB
·
October 9, 2021
Ko Thein Zaw - Htoo Chun Aung Tution Teacher

မန္တလေးတိုင်း၊ မတ္တရာမြို့အဝင် စစ်ဆေးရေးဂိတ်မှာ လွန်ခဲ့တဲ့ ၃ ရက်က ကျူရှင်ဆရာ ကိုသိန်းဇော်ကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး  ဒီနေ့ အောက်တိုဘာ ၉ ရက်မနက်မှာတော့ သူ့ရဲ့ ရုပ်အလောင်းကို လမိုင်းကျေးရွာနားမှာ လာပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လမိုင်းရွာနားမှာ ကားတွေရပ်ထားတာ ၂ နာရီလောက် ကြာတယ်။ ဒီနေ့မနက် အဲဒီကားရပ်တဲ့နေရာမှာပဲ ဖမ်းဆီးခံရတဲ့ ကိုသိန်းဇော်ရဲ့ မျက်နှာကို အဝတ်စည်းထားတဲ့ မှောက်လျက်အနေအထား သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရတာပဲ” လို့ ဒေသခံက ပြော ပါတယ်။

ထူးချွန်အောင်ပညာရေး တည်ထောင်သူ အသက် ၃၅ နှစ်အရွယ် ကျူရှင်ဆရာ ကိုသိန်းဇော်ကို အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီလောက်က  မတ္တရာမြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး  ဒီနေ့မနက်ပိုင်းမှာတော့ သူ့ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကင်းကျေးရွာသား ကိုသိန်းဇော်ဟာ မတ္တရာမြို့နယ် အရှေ့ပိုင်းသပိတ်တွေကို ဦးဆောင်နေသူဖြစ်ပြီး CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့ရေး ဦးဆောင်နေသူလည်းဖြစ်ကာ  သူ့မှာ ဇနီးနဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024