ကချင်ပြည်နယ် ပူတာအိုမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက် ၂ မှာရှိတဲ့ အိမ်တအိမ်မှာ အောက်တိုဘာ ၅ ရက် နေ့ခင်းပိုင်းလောက်မှာ ဖောက်ထွင်းခိုးယူခံခဲ့ရတယ်လို့ အိမ်ရှင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
"အိမ်ရှင်တွေ အိမ်နောက်ဖေးမှာရှိနေကြတဲ့ အချိန်ခိုးသွားတာပါ။ ပစ္စည်းအခိုးခံရတဲ့အစ်မတော့ ဈေးမှာဈေးရောင်းတော့ အိမ်မှာ မရှိဘူးပေါ့။ ညနေပိုင်းဈေးကနေသူပြန်လာမှ ဖောက်ထွင်းခံရ တာကို တစ်အိမ်လုံးသိရတာတယ်”
ဖောက်ထွင်း ယူဆောင်ခံရတာကတော့ ငွေသား ကျပ်သိန်း ၆၀ ၊ရွှေ ၇ ကျပ်သား၊ ရွှေဆွဲကြိုး၊ နားကပ်၊ ဟန်းချိန်းနဲ့ တစ်ဆယ်ဘို့ တစ်ဘို့ အလှူငွေအပါအဝင် စုစုပေါင်းငွေသား ကျပ်သိန်း ၂၀၀ ကျော်ဖိုးပါသွားတယ်လို့ အိမ်ရှင်နဲ့နီးစပ်သူက ပြောပါတယ်။
ပူတာအိုမြို့မှာ အောက်တိုဘာ ၅ ရက်ညနေပိုင်းမှာပဲ လေယာဉ်ကွင်းရပ်ကွက် ၁ မှာ ဈေးသည် ညီအစ်မနှစ်ယောက်ကို စစ်ကောင်စီတပ်သားတစ်ယောက်က ကိုယ်လက်ထိပါးကျုးလွန်ပြီး သေနတ်နဲ့ပစ်ဖောက် ခြိမ်းခြောက်ခဲ့ပါတယ်။