Home
မြန်မာသတင်း
CDM စစ်သားများနှင့် မိသားစုဝင်များ ကိုရီးယားဘာသာစကားသင်တန်း တက်ရောက်နိုင်
DVB
·
October 5, 2021
241566291_256400992997020_7286881497633557552_n

CDM စစ်သားတွေနဲ့ မိသားစုဝင်တွေအတွက် ပြည်သူ့စစ်သား ဇနီးများအဖွဲ့က ကိုရီးယား ဘာသာစကားသင်တန်း ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ပြည်သူ့စစ်သားဇနီးများအဖွဲ့ဟာ ပြည်သူ့ဘက်မှာ ရပ်တည်လာတဲ့ စစ်သည်မိသားစုတွေ ပိုမို တိုးပွားလာအောင် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းတွေအပြင် စစ်တပ်မိသားစု၀င်တွေ ပြည်သူနဲ့ ပြန်လည်ပေါင်းစည်းတဲ့အခါမှာ လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေ၊  အတွေးအခေါ်နဲ့ အသက်မွေး၀မ်းကျောင်း ပညာရပ်တွေ ဖြည့်ဆည်းပေးဖို့ အခက်အခဲတွေကြားကနေ ကြိုးစားစီစဉ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရှေ့ဆက်ခရီးမှာ ပြည်သူနဲ့အတူ တော်လှန်ရေးလုပ်ငန်းတွေ လုပ်နိုင်ကြဖို့၊ ရပ်တည်ရှင်သန်နိုင်ကြဖို့ လုပ်ငန်းခွင်တွေမှာ အကျိုးပြုစေမယ့်  အသုံးဝင်နိုင်မည့် အင်္ဂလိပ်နဲ့ ဂျပန်ဘာသာသင်တန်းတွေ ကနဦးဖွင့်လှစ်ခဲ့ပြီး ခုတခါ ကိုရီးယားဘာသာစကား သင်တန်းကိုပါ ထပ်မံဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

တပ်တွင်းမှာ ဆုံးရှုံးခဲ့ရတဲ့ လူ့ရပိုင်ခွင့်တွေကို ပြည်သူနဲ့လက်တွဲပြီး ပြန်ယူနိုင်ဖို့အတွက် CDM ပြုလုပ်လာတဲ့ သူရဲကောင်းစစ်သည်တွေနဲ့ ဇနီး၊ သားသမီးတွေအတွက် ပညာဒါနသင်တန်းတွေမှာ စာရင်းပေးသွင်းချင်သူတွေအနေနဲ့ ပြည်သူ့စစ်သားဇနီးများ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Page messenger မှာ လာရောက်ပေးသွင်းနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024