စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် သီးလုံးရွာက ပျူစောထီး ခေါင်းဆောင်လို့ နာမည်ကြီးသူ နှစ်ယောက်ကို အောက်တိုဘာလ ၄ ရက် နေ့လယ်ပိုင်းက ရွှေဘို-ရေဦးလမ်းထွက် ဇီးကုန်းလေး ကျေးရွာအနီးက တံတားနားမှာ ခင်ဦးစားချစ်ညို နဲ့ SMATH (သိန်းငှက်) ပူးတွဲအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁ ဦး ဒဏ်ရာပြင်းထန်ပြီး ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
ပူးတွဲအဖွဲ့ တာဝန်ရှိသူတဦဂက “သူတို့က ပျူစောထီးသင်တန်းဆင်းတွေဖြစ်တဲ့အပြင် ရွာမှာစွဲထားတဲ့ စစ်တပ်နဲ့လည်း အကျွမ်းတဝင် ရင်းရင်းနှီးနှီး အဝင်အထွက်လုပ်နေကြပြီး PDF နဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း ပေးနေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရလို့ ရှင်းလင်းတာဖြစ်တယ်” လို့ ပြောပါတယ်။
ပစ်ခတ်ခံရသူနှစ်ဟာ ရွာမှာ ပျူစောထီးအဖွဲ့ဝင်သစ်တွေ ဦးဆောင် စုဆောင်းနေတာလို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုမှာ ဒေါ်နွယ်နီမြင့်က လက်ပြင်ကျည်ထိမှန်ခဲ့ပြီး ကိုကျော်သက်ခိုင်ကတော့ လည်ပင်းဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ခင်ဦးစားချစ်ညိုအဖွဲ့နဲ့ SMATH (သိန်းငှက်) အဖွဲ့တို့ဟာ အများပြည်သူနဲ့ PDF တွေကို ဒုက္ခပေးနိုင်တဲ့ စစ်အုပ်စု ထောက်တိုင်မှန်သမျှကို ဆက်လက်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။