စစ်ကိုင်းတိုင်း၊ ကလေး-တမူး ကားလမ်းမှာ အောက်တိုဘာလ ၁ ရက်နေ့က ညီနောင်မဟာမိတ်တွေက မိုင်းခွဲ တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၈ ယောက် သေဆုံးခဲ့တယ်လို့ တွန်းဇံ CDF က ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကလေးမြို့ကနေ တမူးမြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စီးနင်းလိုက်ပါလာတဲ့ အရပ်ဘက် ဇိမ်ခံကား ၂ စီးကို အောက်တိုဘာ ၁ ရက်နေ့က တွန်းဇံ CDF၊CDF-KKG နဲ့ မြောက်ပိုင်း ကလေး PDF တို့ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာခံဗိုလ် တစ်ယောက် အပါအဝင် ၈ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဘက်က ရမ်းသန်းပြီးတော့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေဘက်က အထိခိုက်အကျဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ အကြမ်းဖက် စစ်ကောင်စီဘက်က အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီးတော့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။